Tsotsi (2005)

အချို့ဇာတ်ကားများသည် Loading အနည်းငယ် စောင့်ပြီးနောက် ကြည့်ရ မြန်ဆန်ပါသည်

2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့
လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး
ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။

ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က
သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က
ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။
ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။

ဒီရုပ်ရှင်က စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.2/10 နဲ့ Rotten Tomatoes 82% အပြင်
70% Metacritic ရရှိထားတဲ့ rating ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Views: ( 162 )