Spider (2002)

အချို့ဇာတ်ကားများသည် Loading အနည်းငယ် စောင့်ပြီးနောက် ကြည့်ရ မြန်ဆန်ပါသည်

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်စိတ်ရောဂါဝေဒနာရှင်များကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို ကလက်ခ်တစ်ယောက်ရရှိလာပါတယ်။
ကလက်ခ် မိခင်ဖြစ်သူ သေဆုံးသွားရခြင်းမှာ ဖခင်ဖြစ်သူက အပျော်မယ်တစ်ယောက်နဲ့ဖောက်ပြန်​ကာ မိခင်ကိုသတ်ခဲ့သည်ဟု တထစ်ချယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။

အဲဒီဂေဟာမှာ ကလက်ခ်နေ နေတုန်း ငယ်ဘဝက မိခင်ဖြစ်သူနဲ့ဖခင်တို့ အဆင်မပြေမှုတွေ ၊ငယ်ငယ်က သူ၏မိခင်ပြောခဲ့သောစကားတွေ ၊
ဖခင်ဖြစ်သူ သွားနေကျအရက်ဆိုင် စသည်ဖြင့်အဖြစ်အပျက်တစ်ခုချင်းကို ပြန်မြင်ယောင်ရင်း ငယ်စဉ်က မိခင်သေဆုံးသွားမှုရဲ့အကြောင်းအရင်းကို ရှာဖို့ကြိုးစားပါတော့တယ်။
သူသိထားတာတွေက အဖြစ်မှန်တွေဖြစ်မလား စိတ်ရောဂါကြောင့်ပဲဖြစ်မလား
စသည်ဖြင့် မရေရာမှုတွေနဲ့စောင့်ကြည့်ရမဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Views: ( 548 )