The Haunted Hotel (2023)

အချို့ဇာတ်ကားများသည် Loading အနည်းငယ် စောင့်ပြီးနောက် ကြည့်ရ မြန်ဆန်ပါသည်

ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့
“Panggonan Wingit” လို့လည်း ခေါ်ပါတယ်။
ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်က
ဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေ ရရှိခဲ့ပါတယ်။
ဒီဟိုတယ်ရဲ့ တတိယထပ်မှာ အခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။
ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူက ပြောထားပေမယ့် ရိန်နာတစ်ယောက်
ညဘက်ကြီးငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါ
အခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့
မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။
အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက် ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။
ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ ဘာတွေပတ်သတ်မှု ရှိနေတာလဲ….။

Views: ( 48 )